ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် 2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Champions ဖြစ်ခဲ့သည့် Ayeyarwady Women Football Club မှ ဆုဖလားအပ်နှံခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် 2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Champions ဖြစ်ခဲ့သည့် Ayeyarwady Women Football Club မှ ဆုဖလားအပ်နှံခြင်းအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / February 05, 2026
ပုသိမ် ဖေဖော်ဝါရီ ၂
2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Champions ဖြစ်ခဲ့သည့် Ayeyarwady Women Football Club မှ ဆုဖလားအပ်နှံခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက Ayeyarwady Women Football Club-Championအသင်းအား ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ Ayeyarwady Women Football Club-Championအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဘောလုံးဝါသနာရှင်ပြည်သူများက ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဆုဖလားအပ်နှံ၍ Championအသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် Ayeyarwady Women Football Club-Championအသင်းမှ အားကစားသမားများနှင့် ပြည်သူများအား မိတ်ဆက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီ FC အမျိုးသမီးဘောလုံးအသင်းနှင့် ဧရာဝတီ Training Centreအမျိုးသမီးဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
