ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / March 17, 2026
ပုသိမ် မတ် ၁၃
(၈၁)နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ ပေ × ၃၀ ပေ) RCCသုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်သည် ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ် ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(တတိယနေ့) သင်္ချာဘာသာ ရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သင်တန်းသားဆောင် အလျား(၁၃၆)ပေ၊ အနံ(၄၄)ပေရှိ (၁၀)ခန်းတွဲ RC (၃)ထပ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးမှာကြားခဲ့ကာ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၏ (၁၂၀ ပေ × ၉၀ ပေ) မိုးလုံလေလုံအားကစားရုံကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Posted on Mar 16, 2026အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Posted on Mar 16, 2026၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Posted on Mar 16, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
