ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / April 17, 2026


     ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ညောင်တုန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေလင်းယုန်လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်တုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်တုန်းမြို့မှ ဆားမလောက်ကျေးရွာဘက်သို့ ဆားမလောက်ကျေးရွာနေ ထက်လင်းမောင် (၂၃)နှစ် မောင်းနှင်ပြီး ကြောင်ရှာကုန်းကျေးရွာနေသူများ ဖြစ်သည့် မသီရိမိုးဦး(၂၂)နှစ်နှင့် မအေးရတနာမိုး(၂၄)နှစ်တို့ လိုက်ပါလာသော ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားလေးကျေးရွာနေ ဦးကျော်ရဲနိုင်(၃၈)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကျော်ရဲနိုင်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ထက်လင်းမောင်၊ မသီရိမိုးဦးနှင့် မအေးရတနာမိုးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ထက်လင်းမောင် အား ညောင်တုန်းမြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026