ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေးအစည်းအဝေးတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / April 21, 2026


ပုသိမ် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးမကျမီကာလအတွင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် တက်ရောက်လာသည့်ဌာနများမှ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိများအားရှင်းလင်းတင်ပြခဲ့သည်။ သက်ဆိုင်ရာဌာနများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်နေရသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ဆည်၊ မြောင်း၊ တာတမံများ၊ ရေငံတားတာများလည်း များပြားသည့်အတွက် ဆည်၊ တာတမံများ၏ ကြံ့ခိုင်ရေး၊ ယိုစိမ့်မှုများ၊ ကျိုးပေါက်မှုများ မဖြစ်စေရေးကိုလည်း စစ်ဆေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဧရာဝတီမြစ်၊ ငဝန်မြစ်စသည့် မြစ်ကြီးမြစ်ငယ် အသွယ်သွယ်စီးဆင်း သည့်အတွက် ကမ်းပြိုမှုများဖြစ်ပေါ်လျက်ရှိရာ ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့်လည်း အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်လိုပါ ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်အစီအမံများ စီစဉ်ဆောင်ရွက် ထားရှိရန်လိုပါကြောင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များစုဆောင်းထားရှိမှုနှင့် အချိန်မီစိုက်ပျိုး နိုင်ရေး၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မ သစ်ပင်များစိုက်ပျိုးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရေး၊ မိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီအချိန်မီရရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိစေရေး၊ စာရင်းဇယားများ တိကျမှန်ကန်မှု ရှိစေရေးအလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026