ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ခုနှစ်၊ လူရည်ချွန်မောင်မယ်များအားကြိုဆိုနှုတ်ဆက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ခုနှစ်၊ လူရည်ချွန်မောင်မယ်များအားကြိုဆိုနှုတ်ဆက်
Ayeyarwaddy Region Government/ ပုသိမ် / May 07, 2026
ပုသိမ် မေ ၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်အပန်းဖြေစခန်းနှင့် ချောင်းသာအပန်းဖြေစခန်းသို့ လာရောက်ကြသည့် ၂၀၂၆ခုနှစ်၊လူရည်ချွန်မောင်မယ်များအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဦးစွာ ငွေဆောင်အပန်းဖြေစခန်းနှင့် ချောင်းသာအပန်းဖြေစခန်းသို့ လာရောက်ကြသည့် ၂၀၂၆ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ညောင်တုန်းမြို့နယ် ဆားမလောက်လမ်းဆုံ၊ ပန်းတနော်လမ်းဆုံ၊ ကျောင်းကုန်းလမ်းဆုံ၊ ကန်ကြီးထောင့်လမ်းဆုံတို့မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ပုသိမ်မြို့၊ ဝန်ကြီးများအိမ်ရာရှေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဆက်လက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...
Posted on May 7, 2026ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
