ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ARCCI)တို့ မိတ်ဆက်တွေ့ဆုံပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ARCCI)တို့ မိတ်ဆက်တွေ့ဆုံပွဲသို့တက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / May 12, 2026


ပုသိမ် မေ ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ARCCI)တို့ မိတ်ဆက် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်ပူးပေါင်း ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ ဒေသ၏အဓိကစီးပွားရေးအင်အားဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ရေလုပ်ငန်းကဏ္ဍများကို အခြေခံ၍ Value-added ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ ချိတ်ဆက်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ပါဝင်မှုသည် အလွန်အရေးကြီး ပါကြောင်း၊ တိုင်းဒေသကြီး၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအားလုံး စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း” ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့က ဧရာဝတီ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ ရုံးအဆောက်အဦ၏ စီမံကိန်းလုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်ရေး၊ ရင်းနှီးမြုပ်နှံမှုများတိုးတက်ရေး၊ ဒေသစီးပွားရေးတည်ငြိမ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အသင်းသားများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့သည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026