ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၏ တတိယအကြိမ် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း၏ တတိယအကြိမ် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / June 03, 2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် တတိယအကြိမ်သူနာပြု- သားဖွားဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ သင်တန်းသား/ သင်တန်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ သူနာပြု-သားဖွား အတတ်ပညာကို ကောင်းစွာအောင်မြင်တတ်မြောက်ခဲ့သည့် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ(၄၅)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သူနာပြု-သားဖွား ပညာများ စဉ်ဆက်မပြတ် တိုးတက်နေသည့် ပညာရေးလမ်းကြောင်းကို ခေတ်နှင့်အညီ ရင်ဘောင်တန်းပြီး နိုင်ငံတော်က ချီးမြှင့်လမ်းဖွင့်ပေးထားသည့် သူနာပြုသိပ္ပံဘွဲ့ ၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့များကို လက်လှမ်းမှီသလို ဆက်လက်ဆည်းပူးသွားကြရန်လည်း တိုက်တွန်းမှာကြားလိုပါကြောင်း” ဂုဏ်ပြုအမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်
Posted on Jun 2, 2026၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Jun 1, 2026အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Announcement on the Change of Official Website Address
Posted on Jun 2, 2026
