ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဉီးအေးကျော် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဉီးအေးကျော် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / June 08, 2026


ပုသိမ် ဇွန် ၅

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ (A Global Call for Climate Action)” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲများပျက်စီးဆုံးရှုံးမှု၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည့်အကျပ်အတည်းများကြုံတွေ့နေရပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး သိသာထင်ရှားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဆုံးရှုံးမှုများဖြစ်ပေါ်နေပါကြောင်း၊ သိပ္ပံနည်းကျလေ့လာ ဆန်းစစ်ချက်အရ ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နိုင်ငံတိုင်း၏ ကဏ္ဍများစွာကို ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိနေပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုး သက်ရောက်မှု များသည် အပြန်အလှန်ဆက်နွယ်နေပြီး ကဏ္ဍတစ်ခုအပေါ်ထိခိုက်မှုသည် အခြားကဏ္ဍများကိုပါ သက်ရောက်မှုရှိစေပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ လူသားတို့၏လုပ်ဆောင်မှုဖြစ်သည့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်းနှင့် ၎င်းကြောင့် ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ သစ်တောများထိန်းသိမ်းမှုမြှင့်တင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပိုမိုအသုံးပြုစေရေး၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှုလျှော့ချရေး၊ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ မြှင့်တင်ရေးတို့ကိုအရှိန်အဟုန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း”အမှာ စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ဗီဒီယိုမက်ဆေ့ခ်ျ၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောစက်ရုံဆု၊ အမျိုးသားအဆင့်သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း အထူးဆု-၁၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုနှင့် ကျေးရွာဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း (Primary Level) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်ကျောင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြေသောကျောင်း( Secondary Level) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်ကျောင်းများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ၂၀၂၆၊ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026