ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဆိုင်ရာနေရာများတွင် ကစားကွင်းများစနစ်တကျဖြစ်စေရေးအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဆိုင်ရာနေရာများတွင် ကစားကွင်းများစနစ်တကျဖြစ်စေရေးအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / June 08, 2026
ပုသိမ် ဇွန် ၆
အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခြင်းဖြစ်၍ အားကစားကွင်းများ စနစ်တကျဖြစ်စေရေးနှင့် အဆင့်မီမီဖြစ်စေရေး၊ အရည်အသွေးရှိပြီး Telent ရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ သက်ဆိုင်ရာအားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ငယ်စဉ်ကတည်းကပင် စနစ်တကျရွေးချယ်၍ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ဘောလုံးအားကစားကွင်း၊ ဘောလီဘောအားကစားကွင်းများနှင့် ပိုက်ကျော်ခြင်းကွင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဆိုင်ရာနေရာများတွင် အားကစားကွင်းများစနစ်တကျ ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် ရန်ကင်းတောင်နယ်မြေ၌ အများပြည်သူအသုံးပြုကစားနိုင်ရန် ဖောက်လုပ်ထားရှိပြီးဖြစ်သည့် ဘောလုံးအားကစားကွင်းတွင်ပြုလုပ်သည့် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အများပြည်သူဆိုင်ရာနေရာများတွင် ကစားကွင်းများစနစ်တကျဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကဲ့သို့ အားကစားကွင်းများ ဖော်ဆောင်ပေးခြင်းဖြင့် လူငယ်များအနေဖြင့် အချိန်ခါမရွေးလာရောက်ကစားနိုင်မည်ဖြစ်ပြီး မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည်များကိုပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားပြီး ဘောလုံးများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ရန်ကင်းတောင်FCအသင်းနှင့် Arrow FCအသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက် ကန်သုံးဆင့်သဲကွင်းတွင် ဖောက်လုပ်ထားရှိသော ဘောလုံးအားကစားကွင်းနှင့် ဘောလီဘောအားကစားကွင်းသို့ရောက်ရှိ၍ လူငယ်များဘော်လီဘောကစားနေများကို ကြည့်ရှုအားပေးပြီး ဘော်လီဘောနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းများမှ ဘောလုံးပြိုင်ပွဲပြုလုပ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ဘောလုံးများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်သုံးဆင့် ပြည်ထောင်စုကွင်းတွင် ဖောက်လုပ်ထားရှိသော ဘောလုံးအားကစားကွင်းနှင့် ပိုက်ကျော်ခြင်းအားကစားကွင်း (၃)ကွင်း ဖောက်လုပ်ထားရှိမှုများနှင့် အားကစားကွင်းများတွင် လာရောက်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားအတွက် ပိုက်ကျော်ခြင်းလုံး၊ ဘောလုံးစသည့် အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Posted on May 26, 2026
