၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “စာတမ်းဖတ်ပွဲ” အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “စာတမ်းဖတ်ပွဲ” အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / June 30, 2024
image_latest


နေပြည်တော် ဇွန် ၂၉

၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။

အလွန်အရေးပါ

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ အမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော်ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့အပါအဝင် အရေးပါသောကဏ္ဍများမှ ဘက်စုံပါဝင်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ် တားဆီးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးများ၏ ဦးဆောင်မှုများ တိုးမြှင့်လာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားသည် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုတစ်ခုဖြစ်ပါကြောင်း၊ စာတမ်းဖတ်ကြားခြင်းကြောင့် ဖတ်ကြားသူ၏ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးခဲ့သော အတွေ့အကြုံကောင်းများ၏ အဓိကကျသော အချက်များကို သိရှိနားလည်နိုင်မည်ဖြစ်ကြောင်း၊ စာတမ်းဖတ်ခြင်းသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ပညာရပ်နယ်ပယ်အလိုက် စာတမ်းဖတ်ပွဲများကို ဆက်လက်ကျင်းပသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

စာတမ်းများဖတ်ကြား

စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက “ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုတွင် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်းအားအရေးပါမှု” စာတမ်းဖြင့်လည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ” စာတမ်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က “သက်ကြီးရွယ်ရင့် အမျိုးသမီးများနှင့် စိတ်ခံစားမှုအပြောင်းအလဲများ” စာတမ်းခေါင်းစဉ်ဖြင့်လည်း ကောင်း ဖတ်ကြားခဲ့ကြပြီး စာတမ်းဖတ်ကြားမှုအပြီးတွင် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၃၂ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ Gender Focal Point များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သဘာပတိနှင့် စာတမ်းပြုစုဖတ်ကြားသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၈ ရက်၊ သောကြာနေ့။


Posted on Jun 28, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Jun 27, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 26, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Jun 25, 2024
AnnouncementsExplore more >

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့်...

Posted on Jun 29, 2024

၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့်လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလယ်ယာစီးပွားရေးလုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေးချေးငွေများ၊ အသေးစားချေးငွေများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

တင်ဒါအောင်မြင်ကြောင်းကြေငြာခြင်း

Posted on Jun 28, 2024

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် ရုံးသုံးစက်ကိရိယာပစ္စည်း (၇) မျိုးဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီက ၁၂-၆-၂ဝ၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံးတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်။

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Jun 28, 2024

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း