၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆို
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဆက်လက်ဖြေဆို
Ministry of Information/ Naypyitaw / March 22, 2025

နေပြည်တော် မတ် ၂၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယခုနှစ်တွင် ရူပဗေဒဘာသာ ရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၂ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၁ ခု စာစစ်ဌာန စုစုပေါင်း ၈၁၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၉၅၆၀၃ ဦးရှိပြီး ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၅၆၃၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်းနှင့် သမိုင်းဘာသာရပ်အား နိုင်ငံခြား စာစစ်ဌာန ၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၆၇၃ ခု စာစစ်ဌာန စုစုပေါင်း ၆၇၄ ခု ဖွင့်လှစ်ဖြေဆို ခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၅၂၄၀ ရှိပြီး သမိုင်းဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၈၄၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၁ ရာခိုင် နှုန်းရှိကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့်ပတ်သက်၍ ကြီးကြပ်ရေးတာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးနှင့် ဆရာကြီးတစ်ဦး၏ စကားသံများကို ယခုလို ကြားသိရသည်။
ဆရာမ
“ ကလေးတွေအတွက်ကတော့ ကျွန်မတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တကွ ဌာနဆိုင်ရာအသီးသီးမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကလည်း အေးချမ်းစွာ ဖြေဆိုဖို့အတွက် ပူးပေါင်းပါဝင်စောင့်ရှောက် ပေးထားပါတယ်။ ကျန်းမာရေးဆေးပေးခန်းလည်း ရှိပါတယ်။
ကြက်ခြေနီအဖွဲ့တွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးထားပါတယ်။ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူအားလုံး အောင်အောင်မြင်မြင် ချောချောမွေ့မွေ့နဲ့ဖြစ်ပြီးတော့ နိုင်ငံတော်က အားထားရတဲ့ သားကောင်းရတနာ သမီးကောင်းရတနာတွေ ဖြစ်လာစေဖို့အတွက် ဆုတောင်းပေးပါတယ်။”
ဆရာကြီး
“ဇမ္ဗူသီရိမြို့နယ်မှာ စာဖြေသူ ကျောင်းသားဦးရေက မနှစ်ကထက် တစ်ဆပိုပြီးတော့ တက်လာပါတယ်။ မနှစ်က ၈၆၄ ဦးရှိတဲ့အနက် ဒီနှစ်မှာ ၁၅၃၁ ဦး ရှိပါတယ်။ ဆရာကြီးတို့အနေနဲ့ကတော့ ဒီကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံရဲ့ ဒီပညာရေးစနစ်ဟာ အဆင့်အတန်းမြင့်ပြီးတော့ စနစ်သစ် ပညာရေးကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဒီ Grade-12 တက္ကသိုလ်ဝင် စာမေးပွဲအနေနဲ့ကလည်း အရင်နှစ် ၂၀၂၄ ခုနှစ်က စပြီးတော့ ဒါဒုတိယနှစ်အနေနဲ့ ကျင်းပတာဖြစ်တဲ့အတွက် ကလေးတွေအတွက်လည်း ဘာမှအခက်အခဲမရှိပါဘူး။ ဆရာကြီးတို့ မြို့နယ်အနေနဲ့ ဖြေဆိုမှုအပိုင်းတွေ အနေနဲ့ကလည်း စာစစ်ဌာန ခြောက်ခုလုံး အေးအေးချမ်းချမ်းနဲ့ ဖြေဆိုကြတာ တွေ့ရပါတယ်။ Grade-12 တက္ကသိုလ်ဝင် တန်းဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း မနက်ဖြန်တစ်ရက်ပဲ ကျန်တော့ တာဖြစ်တဲ့အတွက် ကျန်းမာရေး အထူးဂရုစိုက်ပြီးတော့ မိမိတို့ရဲ့ ရည်မှန်းထားတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဆရာကြီးအနေနဲ့ ဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်အပ်ပါတယ်။”
သတင်းစဉ်


သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။