၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင် ကျရောက်သည့် မြန်မာ - တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။ အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင် ကျရောက်သည့် မြန်မာ - တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။ အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
Ministry of Information/ Naypyitaw / June 08, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိထံ ပေးပို့သည့် သဝဏ်လွှာ
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်
အဆွေတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု(၇၅)နှစ်ပြည့်မြောက်သည့်အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါသည်။
လွန်ခဲ့သည့်(၇၅)နှစ်တာကာလအတွင်း မိမိတို့နှစ်နိုင်ငံအကြား ပထဝီဝင်အနေအထားအရ နီးကပ်မှု၊ အပြန်အလှန်လေးစားမှုတို့အပြင် နှစ်နိုင်ငံပြည်သူများအကြားရှိ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတို့ဖြင့် အဓွန့်ရှည်ကြာသည့် ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းဆက်ဆံရေးကို မျှဝေပိုင်ဆိုင်ထားကြပါသည်။ နှစ်ပေါင်းများစွာအတွင်းအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ သိသာထင်ရှားစွာ များပြားလာမှုနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအဆင့်နှင့် ယင်းနောက် အေးအတူပူအမျှအနာဂတ်ကို မျှဝေပိုင်ဆိုင်သည့် နှစ်နိုင်ငံအသိုက်အဝန်း ထူထောင်ရေးတူညီသည့်ကတိကဝတ်ကို ထားရှိနိုင်ခဲ့ကြခြင်းအတွက် ကျေနပ်အားရမိပါသည်။
မိမိတို့၏တူညီသောဘုံရည်မှန်းချက်နှင့် စဉ်ဆက်မပြတ်ပူးပေါင်းကြိုးပမ်းမှုတို့သည် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား မြဲမြံသည့်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ နောင်လာမည့်နှစ်များအတွင်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု ယုံကြည်ပါသည်။
အခွင့်အခါကြုံခိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက မန္တလေးငလျင်အတွက် အချိန်နှင့်တစ်ပြေးညီ စေတနာသဒ္ဓါတရားထက်သန်စွာပေးအပ်ခဲ့သည့် လူသားချင်းစာနာမှုအကူအညီများအတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
မိမိတို့နှစ်နိုင်ငံနှင့်ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးတွင်သာမက ဒေသတွင်းနှင့် နိုင်ငံတကာမူဘောင်များအောက်မှလည်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးအတွက် ဆက်လက်၍ အဆွေတော်နှင့်အနီးကပ်ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
အဆွေတော်အား အစဉ်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
သန်းဆွေ
မစ္စတာဝမ်ယိ
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်
နိုင်ငံခြားရေးဝန်ကြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ပေကျင်းမြို့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ထံမှ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ
ပေးပို့သည့် သဝဏ်လွှာ
ပေကျင်းမြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်
ဦးသန်းဆွေ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
အဆွေတော်ခင်ဗျား
တရုတ် - မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံအကြားဆက်ဆံရေးသည် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန် မှစ၍ (၇၅) နှစ်တာကာလအတွင်း နိုင်ငံတကာအခင်းအကျင်း၌ အပြောင်းအလဲများစွာကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။ မိမိအနေဖြင့် နှစ်နိုင်ငံ နိုင်ငံခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန်၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ ပိုမိုချဲ့ထွင် ဆောင်ရွက်ရန်နှင့် တရုတ် - မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကို အရှိန်အဟုန်မပျက် မြှင့်တင်ရန်အတွက် အဆွေတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားလိုပါသည်။
မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး သာယာဝပြော၍ ချမ်းသာသုခနှင့် ပြည့်စုံကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဝမ်ယိ
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊
နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်
နိုင်ငံခြားရေးဝန်ကြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)