၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / July 15, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၄

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိသည်။

အနိုင်ရရှိ

ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အသင်းများ၏ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့မှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက်လာရောက်အားပေးကြည့်ရှုကြသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ကွင်း၌ ချင်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ရခိုင် ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် ဇူလိုင် ၂၁ ရက်မှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
AnnouncementsExplore more >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -