၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင် ဂီတအနုပညာရှင်များ ဆက်လက်ပါဝင်ဆောင်ရွက်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင် ဂီတအနုပညာရှင်များ ဆက်လက်ပါဝင်ဆောင်ရွက်
Ministry of Information/ Naypyitaw / November 12, 2025
နေပြည်တော် နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂီတအနုပညာရှင်များက အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တေးသံရှင် ဖြိုးကြီး၊ ဝေကြီး၊ ဝန၊ ဖြိုးပြည့်စုံ၊ သားငယ်၊ သားသား၊ ဖြိုးလေး၊ ပိုပို၊ ချယ်ရီသင်း၊ ထိုက်ထိုက်၊ မိဖူး၊ ထက်အဉ္ဇလီ၊ Mဆိုင်းလူ၊ Mary နှင့် မေတို့က နိုဝင်ဘာ ၁၀ ရက်နှင့် ယနေ့ နိုဝင်ဘာ ၁၂ ရက်တို့တွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်သည်။
ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးကရွေးကောက်ပွဲကြီးတွင်ပါဝင်မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်နိုင်ရန်အတွက် ပြည်သူချစ်သောဂီတအနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီးလည်း ဂီတအနုပညာရှင်များစွာ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
