၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပါဝင်လာ

၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့်တရုတ်နှစ်သစ်ကူးနေ့တို့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပါဝင်လာ


Ministry of Information/ Naypyitaw / July 08, 2024
image_latest


နေပြည်တော် ဇူလိုင် ၈

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့်နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန်နှစ်တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရသည်။ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်များကို ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက်နေ့၊ နိုင်ငံတကာနှစ်သစ်ကူးနေ့အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်းအခြားအာဆီယံနိုင်ငံများကဲ့သို့လည်းကောင်း၊ အချို့သော ကမ္ဘာ့နိုင်ငံများကဲ့သို့လည်းကောင်း၊ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇူလိုင် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 09, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇူလိုင် ၈ ရက်၊ တနင်္လာနေ့။


Posted on Jul 08, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 07, 2024

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇူလိုင် 6 ရက်၊ စနေနေ့။


Posted on Jul 06, 2024

၁၃၈၆ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇူလိုင် ၅ ရက်၊ သောကြာနေ့။


Posted on Jul 05, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက် ၊ ဇူလိုင် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jul 04, 2024
AnnouncementsExplore more >

အသိပေးကြေညာခြင်း

Posted on Jul 8, 2024

အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။