၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 24, 2025

နေပြည်တော် ဇွန် ၂၃
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြိုင်ပွဲဝင်များသည် အမျိုးသား အမျိုးသမီး Recurve နှင့် Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်ပစ်ခတ်ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အတိုးတက်ဆုံး အမျိုးသား အမျိုးသမီး အားကစားသမားဆု၊ Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲနှင့် Recurve တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများကို အင်အားဖြည့်ကျွေးမွေးနိုင်ရန်အတွက် နိုင်ငံတော်က ထပ်ဆောင်းတိုးမြှင့်ပေးသည့်ငွေများ အလေအလွင့်မရှိစေရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက လက်ရှိကျွေးမွေးနေမှုအခြေအနေများနှင့် အာဟာရပြည့်ဝအောင် ထပ်မံကျွေးမွေးသင့်သည့် အစားအစာများကို အကြံပြုဆွေးနွေးတင်ပြပေးရန် ဆွေးနွေးပြောကြား သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် အားကစားနည်းအလိုက် အုပ်ချုပ်သူများနှင့် နည်းပြများက အားကစားနည်းအလိုက် လိုအပ်သည့်အာဟာရ၊ အားကစားသမားတစ်ဦး၏ တစ်နေ့တာ လိုအပ်သည့် ကယ်လိုရီအရ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်များ၊ အသီးအနှံများနှင့် အစားအသောက်များကို ညီညွတ်မျှတစွာဖြင့် အလေအလွင့်မရှိဘဲ စနစ်တကျ ချက်ပြုတ်ကျွေးမွေးပေးနိုင်ရေး ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Myanmar National Human Rights Commission Statement No. (7/2025)
Posted on Jun 24, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)
Posted on Jun 24, 2025