၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / July 25, 2025
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၅-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဒီရေတောများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က ၂၀၁၅ ခုနှစ်မှစ၍ ဇူလိုင်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ်အကြား ဆက်စပ်ပေးလျက်ရှိသည့် သစ်တောဂေဟစနစ်များဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံတွင် ဒီရေတောများ ပေါက်ရောက်လျက်ရှိရာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံး ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပြီး ဒီရေတော ဧရိယာ ဧက ၁.၂၆ သန်းရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဒီရေတောဂေဟစနစ်တွင် မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသရှိ ဒီရေတောများဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး နိုင်ငံ့စားရေရိက္ခာ ဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံအတွင်းတည်ရှိသော ဒီရေတောများ ရေရှည်တည်တံ့စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့တည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်း၊ ဒီရေတော စိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတောဂေဟစနစ် ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆက်စပ်ဌာနနှင့်အဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ၏ အရေးပါပုံကို သိရှိနားလည်ပြီး သဘာဝ ဒီရေတောများနှင့် ဒီရေတော ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အတူပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသောင်းနိုင်ဦးက အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Keynote Presentation အား ရှင်းလင်းတင်ပြပြီး အထိမ်းအမှတ် ဗွီဒီယိုအား ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီရေတောများ စီမံအုပ်ချုပ်ခြင်း၊ ရေသယံဇာတများ ရေရှည်တည်တံ့ရေးအတွက် ဂေဟစနစ်များ၏ အရေးပါပုံများ၊ ဒီရေတောများထိန်းသိမ်းကာကွာကွယ်ရေးများနှင့်စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြား ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025