၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / January 18, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများသည် အရေးပါသည့် တက္ကသိုလ်ဝင်စာမေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အဓိကအခန်းကဏ္ဍမှ တာဝန်ယူကြရမည့်သူများဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် ကျောင်းသား ကျောင်းသူများ၏ အနာဂတ်အတွက် ပညာသင်ယူခွင့် လမ်းကြောင်းများ ဖွင့်လှစ်ပေးမည့် တံခါးပေါက်များပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စာမေးပွဲသည် တရားမျှတမှုရှိရန်၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျရှိရန်၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအတွက် စိတ်ဖိစီးမှုကင်းဝေးပြီး လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ရန် အထူးပင်လိုအပ် ပါကြောင်း၊ ကြီးကြပ်ရေးမှူးများ ကြီးကြပ်ရမည့် စာစစ်ဌာနတိုင်းတွင် လုပ်ထုံးလုပ်နည်းအတိုင်း တိကျမှုရှိရမည် ဖြစ်ပါကြောင်း။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုံမှန်ရေးဖြေကြရမည့် ဘာသာရပ်များအပြင် ပုံဆွဲဘာသာရပ်ကဲ့သို့ ပုံဆွဲခုံ၊ ပုံဆွဲစာရွက်များ လိုအပ်မည့် ဘာသာရပ်လည်းပါရှိသည့်အတွက် စာမေးပွဲ ကျင်းပရာတွင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းကိရိယာများ၊ နေရာထိုင်ခင်းများနှင့် အချိန်စီမံခန့်ခွဲမှု များကို သမားရိုးကျ ဘာသာရပ်များထက် ပိုမိုအသေးစိတ်ကျကျ ပြင်ဆင်ထားကြရန် တိုက်တွန်းလိုပါကြောင်း၊ စာမေးပွဲတစ်လျှောက်လုံးတွင် မည်သည့်လွဲချော်မှုမျိုးမှ မရှိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရန်၊ မေးခွန်းလုံခြုံရေးကို အသေအချာ ထိန်းသိမ်းရန်၊ ဘက်လိုက်မှုမရှိဘဲ မျှတစွာ ကြပ်မတ်ဆောင်ရွက်ရန် အထူးအလေးထားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး ကြီးကြပ်ရေးမှူးများသင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ သင်တန်းကျင်းပရေးကော်မတီအတွင်းရေးမှူးက လက်ခံရယူသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများက စာမေးပွဲဆိုင်ရာလုပ်ငန်းများ မှာကြားခြင်း၊ စာဖြေသူစာရင်းပြုစုခြင်း၊ စာစစ်ဌာနများ သတ်မှတ်ခြင်း၊ ကြီးကြပ်ရေးမှူးခန့်ထားခြင်း အခန်း(၁)(၂)(၃)၊ စာမေးပွဲကာလ မေးခွန်းလွှာဆိုင်ရာ ညွှန်ကြားချက်များအခန်း(၄)၊ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့များဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များ အခန်း(၅)၊ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ ပြစ်ဒဏ်များ အခန်း (၆)၊ ကြီးကြပ်ခ၊ အသေးသုံးစရိတ်ဆိုင်ရာလုပ်ငန်းများ အခန်း (၇)တို့ကို သင်တန်းပို့ချခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသင်တန်းကို ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ စုစုပေါင်း ၃၄၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။