၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၇
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့စစ်တုရင်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
ဖွင့်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက စစ်တုရင်အားကစားနည်းသည် စိတ်ပိုင်းဆိုင်ရာကို အခြေခံ၍ကစားရသည့် အားကစားနည်းဖြစ်၍ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်မှု၌ အဓိကအရေးပါကြောင်း၊ နိုင်ငံတကာအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်မည့် စစ်တုရင်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေသည့် မျိုးဆက်သစ်လူငယ်စစ်တုရင် အားကစားသမားများကို တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲများမှ အများဆုံးမွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် စစ်တုရင်အားကစားနည်းဖြင့် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၆ ခု ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ လာမည့်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အ.ထ.က (၂) ဗဟန်းမှ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့တို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်းပေးအပ်သည်။
ယနေ့ပြိုင်ပွဲပွဲစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူငယ်စစ်တုရင်အမျိုးသမီးပြိုင်ပွဲ ပွဲစဉ် (၆) တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ စတင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌက အကွက်ရွှေ့၍ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမသို့ သွားရောက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန (ရန်ကုန်) ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အားကစား၏ အနာဂတ်ပိုမိုကောင်းမွန်လှပလာစေရန် စိတ်တူကိုယ်တူဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း ရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံတော်ကအားထားရပြီး ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး အရာထမ်း၊ အမှုထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကို တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ ရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဌာနအတွင်းပြုပြင်ပြောင်းလဲ၍ ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အတွင်းရှိ ရေကူးကန်နှင့် GYM ခန်းမတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားနှင့် ပညာရေးပေါင်းစပ်အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများကို တွေ့ဆုံကာလာမည့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Posted on Apr 27, 2026ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
