၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိ


Ministry of Information/ Naypyitaw / May 13, 2026
image_latest


နေပြည်တော် မေ ၁၃

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်ဆက်သွယ်ရေးဘာသာရပ်၌ပါဝင်သည့် ဗျည်း၊ သရ၊ လက္ခဏာလက်ရိုက်အလံအချက်ပြသင်ခန်းစာ၊ လှေလှော်ရွက်တိုက်ဘာသာရပ်၌ပါဝင်သည့် လှေနှင့်လှော်တက်အမျိုးအစားများသင်ခန်းစာ၊ လှော်ခတ်ပုံနည်းစနစ်သင်ခန်းစာ၊ ရွက်လှေအမျိုးအစားနှင့် ရွက်လွှင့်ပုံသင်ခန်းစာများကို နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၉၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိအင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ဘားအံမြို့ရှိရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်း စခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် စုစုပေါင်းသင်တန်းသား ၁၀၄၄ ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်း လူငယ်သင်တန်းသား ၅၃ ဦး၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်းလူငယ်သင်တန်းသား ၆၃ ဦး၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ဦး၊ လွိုင်ကော်မြို့ရှိ လွိုင်ကော် သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၅ ဦး၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ဦးနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၅ ဦးတို့အား အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ် သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်းဘာသာရပ်များကို တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်းစခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်(လေ)၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာများကို သိရှိနားလည်စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များ၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများနှင့် လေကြောင်းထိန်းမျှော်စင်များသို့ သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Posted on May 14, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 13, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Posted on May 12, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026
AnnouncementsExplore more >

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း