၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / January 04, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ၊ ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ အပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၃)နှင့် (၄)တို့၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာန ပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုး သမီး)ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

အလားတူ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းက ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို(၂၄)မှတ် (၀)မှတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၁၈ မှတ် ခြောက်မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

ယင်းနောက် လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံ ခေါင်းအုံးရိုက် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်(အမျိုးသား/ အမျိုးသမီး) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ အပြေးပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခေါင်းအုံးရိုက် အမျိုးသားပြိုင်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်မင်းသန့်က ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရှင်းသန့်တိုးက ဒုတိယနှင့် တိန်မင်းလွင်က တတိယ၊ ခေါင်းအုံးရိုက်အမျိုးသမီးပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖြူဖြူအောင်က ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဧကရီဝင်းမြင့်က ဒုတိယနှင့် သွယ်သွယ်ဝင်းက တတိယ၊ အမျိုး သမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နွေဦးခိုင်က ပထမနှင့် အိအိဖြိုးတို့က ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကေဇင်ဖြိုးက တတိယ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောင်းဆက်ဇော်က ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇော်ဇော်ထွဋ်က ဒုတိယ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ တိုးဝေအောင်က တတိယ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နွေဦးခိုင်က ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အေးစန္ဒာဝင်းက ဒုတိယနှင့် ခိုင်သဇင်ဦးက တတိယ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောင်းဆက်ဇော်က ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မျိုးကိုကိုက ဒုတိယနှင့် ဇော်ဇော်ထွဋ်က တတိယ၊ အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ လိမာဖိုးက ပထမနှင့် ဖြူဖြူထွေးက ဒုတိယ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မိုးမိုးဇော်က တတိယ၊ အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထွန်းလင်းဦးက ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဟန်မင်းစိုးက ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စိုင်းဝေဖြိုးလင်းက တတိယ၊ အမျိုးသမီး မီတာ ၈၀၀ အပြေး ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နှင်းရွှေရည်က ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထားသဉ္ဇာအေးက ဒုတိယ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခိုင်ဖူးဝေက တတိယ၊ အမျိုးသား မီတာ ၈၀၀ အပြေး ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သော်တာထွန်းက ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ စိန်ထွန်းက ဒုတိယ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လှမြင့်သိန်းက တတိယဆုရရှိခဲ့ကြသူများအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၄)၌ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲပွဲစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ပြည်ထောင်စုရာထူး ဝန်အဖွဲ့အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။