“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ဆက်လက်ကျင်းပ

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / June 27, 2025
image_latest


နေပြည်တော် ဇွန် ၂၇

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။

ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။

နံနက်ပိုင်းဆွေးနွေးမှုတွင် အဖွဲ့(၁)၌ သဘာပတိအဖြစ် ဒေါက်တာသက်သက်ခိုင်က ဆောင်ရွက်ပြီး “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် မဟာဗျူဟာများကိုဖော်ထုတ်ခြင်း၊ အဖွဲ့(၂)၌ သဘာပတိအဖြစ် ဗိုလ်ချုပ် စိုးနိုင်ဦး(ငြိမ်း)က ဆောင်ရွက်ပြီး “မြန်မာနိုင်ငံ၏ အနာဂတ်သည် ပထဝီနိုင်ငံရေးဆိုင်ရာရှုထောင့်အမျိုးမျိုးနှင့် ဆက်နွယ်သက်ရောက်မှုရှိပုံကို လေ့လာဆန်းစစ်ပြီး အသွင်ကူးပြောင်းရေးတွင် ကျင့်သုံးသင့်သော နည်းဗျူဟာများကိုဖော်ထုတ်ခြင်းခေါင်းစဉ်တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ငြိမ်းချမ်းရေးဖိုရမ်ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ပပညာရှင်များ၊ အဖွဲ့ (၁)၊ အဖွဲ့(၂)တို့၏ ဆွေးနွေးချက်အကြောင်းအရာများအပေါ် သဘာပတိများက ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက သဘာပတိများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးပွဲမှရရှိသော အကြံပြုချက်များ စုစည်းချက်အပေါ် သုံးသပ်တင်ပြပြီး မှတ်တမ်းတင်သည်။

ယင်းနောက် ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲ အဖွဲ့(၁)ကိုယ်စား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (မွန်ပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာ မိယဉ်ချမ်းနှင့် အဖွဲ့(၂)ကိုယ်စား လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဗဟိုကော်မတီဝင်၊ ဒေါ်ခင်စောနွဲ့ တို့က ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်စကားပြောကြားရာတွင် ငြိမ်းချမ်းရေးဖိုရမ်တွင် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍ ၃ ရပ်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးရရှိသည့် အကြံပြုချက်များကို စနစ်တကျ မှတ်တမ်းတင်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြ၍ လက်တွေ့ပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားအခွင့်အရေးများရရှိစေရေး ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများတွင် ပါဝင်သင့်ပါဝင်ထိုက်သော နိုင်ငံတကာမှပညာရှင်များအား ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Jun 28, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။