(၂၀၂၅)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

(၂၀၂၅)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 14, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

(၂၀၂၅)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီသေဆုံးမှု (Pre-mature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသည် ဆီးချိုသွေးချို ရောဂါခံစားနေရကြောင်း၊ အများစုမှာ အမျိုးအစား(၂)ဆီးချိုရောဂါခံစားနေရပြီး ရောဂါရှိသူများ၏ ၄၃ ရာခိုင်နှုန်းသည် မိမိတို့တွင် ရောဂါရှိနေသည်ကို မသိကြကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုသွေးချို ရောဂါကြောင့် သေဆုံးသူ ၃ ဒသမ ၄ သန်းခန့်ရှိနေပြီး သေဆုံးမှုအများဆုံးမှာ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဖြစ်သည်ကို အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်၏ အချက်အလက်များအရ သိရှိရပါကြောင်း။

ဖြစ်ပွားသေဆုံးမှုမြင့်မားလာသည့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန် နှစ်စဉ် နိုဝင်ဘာ ၁၄ ရက်ကို “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabe-tes Day)” အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်နေ့များကို ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Know more and do more for Diabe-tes at work” ဖြစ်ပြီး မြန်မာဘာသာအနေဖြင့် “လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့” ဟု ဘာသာပြန်ဆိုထားပါကြောင်း၊ ဆီးချိုသွေးချိုရောဂါဝေဒနာရှင် ဝန်ထမ်းများ၊ အလုပ်သမားများအတွက် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို ဗဟိုပြုသည့် စောင့်ရှောက်မှုကို ခံယူနိုင်ရေး အလေးပေးဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ဟန်ချက်ညီစွာထိန်းသိမ်း၍ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်စေရန် ရည်ရွယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်‌ဒေသ အောက်ခြေအထိ ကျေးလက်ကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်းဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး လိုအပ်သောအခြေခံ ဆေးများနှင့်ဆေးပစ္စည်းများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေတို့ကို STEPS နည်းလမ်းဖြင့် ဆန်းစစ်ခြင်းသုတေသန(၂၀၂၄)ကို ဆောင်ရွက်ခဲ့ရာတွင် စစ်တမ်း၏ ကနဦးတွေ့ရှိချက်များအနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ၇ ဒသမ ၉ ရာခိုင် နှုန်းမှာ ဆီးချိုသွေးချိုရောဂါရှိနေကြသည်ကို တွေ့ရှိရပြီး ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များ ၏ ထက်ဝက်ကျော်လောက်သည် လုံလောက်သော ဆေးကုသမှုရရှိနေကြသည်ဟု သိရှိရပါကြောင်း၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ ကြိုးစား ဆောင်ရွက်ကြလျှင် ပြည်သူလူထု ၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် နှီးနွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် (၂၀၂၅) ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုသည်။

အထိမ်းအမှတ်အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌ရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံဟော်မုန်းရောဂါအထူးကု ဆေးပညာရှင်အဖွဲ့၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။