(၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) နှင့် ဆက်စပ်အစည်းအဝေးများကျင်းပပြုလုပ်

(၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) နှင့် ဆက်စပ်အစည်းအဝေးများကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / September 10, 2025
image_latest


နေပြည်တော် စက် ၁၀

မလေးရှားတပ်မတော်က အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Chiefs of Defence Forces Meeting - 22nd ACDFM) ကို ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContinental Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ် များအစည်းအဝေး (15th ASEAN Military Operations Meeting -15th AMOM)နှင့် (၂၂) ကြိမ်မြောက် အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (22nd ASEAN Military Intelligence Meeting – 22nd AMIM) များသို့ ပါဝင်တက်ရောက်ခဲ့ကြသည့် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) ဥက္ကဋ္ဌ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji Mohd Nizam bin Haji Jaffar က အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (22nd AMIM) ဥက္ကဋ္ဌ မလေးရှားတပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Lieutenant General Dato’ Mohd Razali Bin Alias နှင့် (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေး မှူးချုပ်များအစည်းအဝေး (15th AMOM) ဥက္ကဋ္ဌ မလေးရှားတပ်မတော်၊ စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးဌာန၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် Major General Dato’ Indera Zahari bin Mohd Ariffin တို့က အစည်းအဝေးရလဒ်များကို ဖတ်ကြားတင်ပြကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “ပြည်စုံကြွယ်မှုနှင့် လုံခြုံမှုတို့အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု (ASEAN Unity for Security and Prosperity)” ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးကြသည်။

မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုမှာ အဓိကအရေးပါသည့် အခြေခံကဏ္ဍတစ်ရပ်ဖြစ်သည့် “ပြည့်စုံကြွယ်ဝမှုနှင့် လုံခြုံမှုတို့အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု (ASEAN Unity for Security and Prosperity)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အာဆီယံတပ်မတော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက် (၂၀၂၅-၂၀၂၇) {Two Years Work Plan (2025-2027)} အား အတည်ပြုခြင်း၊ (၂၂)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Chiefs of Defence Forces Meeting - 22nd ACDFM) ၏ ပူးတွဲကြေညာချက် (Joint Statement) အား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပူးတွဲကြေညာချက် (Joint Statement)ကို အတည်ပြုလက်မှတ်ရေးထိုးကာ တက်ရောက်လာကြသည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး (22nd ACDFM) ဥက္ကဋ္ဌ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji Mohd Nizam bin Haji Jaffar က အပိတ်မိန့်ခွန်းပြောကြားပြီး (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (23rd ACDFM) အား အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Romeo Saturnino Brawner Jr. ထံသို့ ဥက္ကဋ္ဌတာဝန်များနှင့် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏အလံ (ASEAN Flag) တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Haji Mohd Nizam bin Haji Jaffar ၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Major General Saichai Kommasith နှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နှင့် သီးခြားစီ Bilateral Meeting များတွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အလားတူ ဆက်စပ်အစည်းအဝေးများဖြစ်သော (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး (15th ASEAN Military Operations Meeting -15th AMOM) အား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Intercontinental Hotel ၌လည်းကောင်း၊ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (22nd ASEAN Military Intelligence Meeting – 22nd AMIM) အား Shangri-La Hotel ၌ လည်းကောင်း စက်တင်ဘာလ ၈ ရက်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့များ အသီးသီးပါဝင်ရောက်ခဲ့ကြပြီး အာဆီယံတပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်များကို ပိုမိုခိုင်မာစေအောင်တည်ဆောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 10, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Sep 08, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 07, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Sep 06, 2025
AnnouncementsExplore more >

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

Posted on Sep 9, 2025

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 9, 2025

ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း

HOT NEWS
January 4,