(၂၃)ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေးကျင်းပ

(၂၃)ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / June 18, 2025
image_latest


ရန်ကုန် ဇွန် ၁၇

(၂၃)ကြိမ်မြောက် အာဆီယံစားရေ ရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ (THE 23 ASEAN FOOD SECURITY INFORMATION SYSTEM (AFSIS) Focal Point Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားအပါအဝင် အာဆီယံအပေါင်းသုံးနိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AFSIS အတွင်းရေးမှူးရုံးနှင့် AFTERR အတွင်းရေးမှူးရုံးတို့မှ In-person ဖြင့် လည်းကောင်း၊ အွန်လိုင်းဖြင့်လည်းကောင်း စုစုပေါင်းကိုယ်စားလှယ် ၄၉ ဦး ပါဝင်ဆွေးနွေးကြပြီး AFSIS အတွင်းရေးမှူးရုံး၏ မန်နေဂျာဒေါက်တာ Sumanya Ngandee နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။

အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်က ဥက္ကဋ္ဌအဖြစ် အစည်းအဝေးကို ဦးဆောင်ကျင်းပပြီး အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဒေသတွင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ၂၀၂၄- ၂၀၂၅ နှစ်ပတ်လည် အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြခြင်း၊ (၂၄)ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့်နေ့ရက်နှင့် နေရာများကို အတည်ပြုကြေညာခြင်း၊ အနှစ်ချုပ်အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အတည်ပြုချက်ရယူခြင်းတို့ကို ဇွန် ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 17, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

HOT NEWS
January 4,