(၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
(၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
Ministry of Information/ Naypyitaw / November 26, 2025
နေပြည်တော် နိုဝင်ဘာ ၂၆
စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်စား တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(26th ACAMM) နှင့် (၁၃)ကြိမ်မြောက် အာဆီယံလုပ်သက်ရင့်အရာခံဗိုလ်များ နှစ်ပတ်လည်အစည်းအဝေး (13rd ASMASM)တို့၏ ပူးတွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် စင်ကာပူကာကွယ်ရေးဝန်ကြီး ချန်ချွန်စင်း (Mr. Chan Chun Sing)က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အစည်းအဝေးခေါင်းစဉ်ဖြစ်သော “ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ပိုမိုထိရောက်သော HADR လုပ်ငန်းစဉ်များကြိုတင်ပြင်ဆင်ရေး (Climate Adaptation in HADR Operations)" နှင့်အညီ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့သည်။ ထို့နောက် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (26th ACAMM)၏ ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ကြပြီး တက်ရောက်လာကြသည့် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြသည်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဘရူနိုင်းဘုရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Aldi bin Haji Hassan ၊ ထိုင်းဘုရင့်တပ်မတော်၊ ဒုတိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Amarit Boonsuya ၊ စင်ကာပူတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Cai Dexian ၊ မလေးရှားဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Maruli Simanjuntak ၊ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Kongthong Soukhavong တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီးတို့သည် စင်ကာပူကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Cai Dexian နှင့်ဇနီးတို့ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။ ညစာသုံးဆောင်ပြီးချိန်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
အလားတူနေ့လည်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိခဲ့ပြီး သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Nov 26, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Posted on Nov 19, 2025နေပြည်တော် နိုဝင်ဘာ ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...
Posted on Nov 21, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
