(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre - Conference Workshop) ကျင်းပ
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre - Conference Workshop) ကျင်းပ
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၃
(၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop)ကို ယနေ့နံနက်ပိုင်းတွင် မေ့ဆေးပညာဌာနနှင့် ခွဲစိတ်ကုပညာဌာနတို့က ဦးဆောင်၍ အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ (ခုတင်-၇၀၀) မေ့ဆေးပညာဌာန၌ ပြုလုပ်ရာ ကလောတပ်နယ်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများနှင့် အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စုစုပေါင်း ၃၄ ဦး တက်ရောက်ပါဝင်ဆွေးနွေးကြသည်။
ဦးစွာ ဆေးရုံတပ်မှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပါရဂူများနှင့် တာဝန်ရှိသူများက “ဘေးအန္တရာယ်ကျရောက်နေသည့် ကာလအတွင်း ခေတ်မီအသက်ကယ်ထိန်းသိမ်းကုသခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ အဆိုပါ (၃၁) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား မတ် ၄ ရက်မှ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Mar 3, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Posted on Mar 2, 2026The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
