(၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
(၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / February 20, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၀
၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ(က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု ရဲတီးဝိုင်းအသင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁) စစ်တီးဝိုင်းအသင်းနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
