(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်


Ministry of Information/ Naypyitaw / December 02, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးကြည်လွင်၊ နည်းပြချုပ်- ယုကီတက် ဆုရို(ဂျပန်)၊ လက်ထောက်နည်းပြ- ဒေါ်သက်သက်ဝင်း၊ ဒေါ်စန်းစန်းသိန်း၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးစိန်အေး၊ အားကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ အိစန္ဒာဇော် (ဧရာဝတီ)၊ နောက်တန်း-ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး (ရန်ကုန်ယူနိုက်တက်)၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး (အား/ကာသိပ္ပံ)၊ သန်းသန်းနွယ် (အား/ကာသိပ္ပံ)၊ နှင်းပွင့်အေး (အား/ကာသိပ္ပံ)၊ မေသက်မွန်မြင့် (သစ္စာအားမာန်)၊ အလယ်တန်း-လင်းမြင့်မိုရ် (အား/ကာသိပ္ပံ)၊ ဖြူဖြူဝင်း (ဧရာဝတီ)၊ နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ဝင်းဝင်း (သစ္စာအားမာန်)၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ ခင်မာလာထွန်း (အား/ကာသိပ္ပံ)၊ ရူပါခိုင် (ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-ဝင်းသိင်္ဂီထွန်း (ဆာဘား-မလေးရှား)၊ စန်းသော်သော် (ဧရာဝတီ)၊ မြတ်နိုးခင် (သစ္စာ အားမာန်)၊ မေထက်လူ (SFVFC-အမေရိကန်)တို့ ပါဝင်ကြသည်။

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် အိမ်ရှင်ထိုင်း၊ တီမော၊ အင်ဒိုနီးရှား၊ အုပ်စု(B)တွင် လက်ရှိ ချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။