(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကျင်းပ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / July 16, 2025

နေပြည်တော် ဇူလိုင် ၁၅
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ တတိယအကြိမ်မြောက် အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယနေနံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့တွင် အမျိုးသား Nage- no- Kata (နာဂေနိုခတ) ပြိုင်ပွဲများ၊ အမျိုးသမီး Ju- no- Kata (ဂျူးနိုခတ) ပြိုင်ပွဲများ၊ အမျိုးသားအမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲအုပ်စု ပတ်လည်ပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ၍ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအားဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်အနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုများ ရရှိစေရန်အတွက် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၏ မှာကြားချက်များနှင့်အညီ ဂျူဒိုအားကစား သမားများအား လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ခြင်းပြိုင်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇွန် ၂၁ ရက်တွင်လည်းကောင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။
Posted on Jul 17, 2025မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း
Posted on Jul 17, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။