(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများရွေးချယ်ရေးပြိုင်ပွဲကျင်းပ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများရွေးချယ်ရေးပြိုင်ပွဲကျင်းပ


Ministry of Information/ Naypyitaw / July 25, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၄

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် (Youth Camp) လူငယ်အလေးမ အားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယနေ့ ကျင်းပပြုလုပ်သော အလေးမပြိုင်ပွဲတွင် အမြန်မနှင့် နှစ်ဆင့်မပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈၊ ၅၃၊ ၅၈၊ ၆၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (၆၀၊ ၆၅၊ ၇၁၊ ၇၉၊ ၈၈၊ ၉၄၊ +၉၄) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

 ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား+၉၄ ကီလိုတန်းပြိုင်ပွဲတွင် စုစုပေါင်းသတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် ရန်မျိုးကျော်ကို မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသီဟလင်းကလည်းကောင်း၊ အမျိုးသမီး ၅၈ ကီလိုတန်းပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက်ကျော်ပြီး သာလွန်ကောင်းမွန်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည့် ထက်ထက်ထွေးနှင့် အမျိုးသား ၉၄ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် ဝင်းနိုင်ထွန်းတို့ကို မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ထို့အတူ အမျိုးသမီး ၄၈ ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်းပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက်ကျော်ပြီး သာလွန်ကောင်းမွန်အောင်ယှဉ်ပြိုင်နိုင်ခဲ့သည့် နော်အယ်ကညောဂျော့ကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် ဇင်မေဦး၊ ၆၃ ကီလိုတန်း အမြန်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည် စံချိန်သစ်တင်နိုင်ခဲ့သည့် သူဇာခင်နှင့် အမျိုးသား ၈၈ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတို့တွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် ရဲရင့်နိုင်တို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အမျိုးသမီး ၅၃ ကီလိုတန်း အမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်းပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် နော်တဘိုးရာနှင့် အမျိုးသား ၇၉ ကီလိုတန်း နှစ်ဆင့်မပြိုင်ပွဲတွင် သတ်မှတ်စံချိန်ထက် သာလွန်ကောင်းမွန်ပြီး မြန်မာ ပြည်စံချိန်သစ်တင်နိုင်ခဲ့သည့် သီဟအောင်တို့ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ရေးပြိုင်ပွဲနှင့် လူငယ်အလေးမအားကစားသမားများ စံချိန်ဆန်းစစ်ပြိုင်ပွဲများတွင် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အလေးမအားကစားသမား စုစုပေါင်း ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Jul 24, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 23, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 22, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jul 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း