(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှားအမျိုးသမီးဘောလုံးအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှားအမျိုးသမီးဘောလုံးအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ


Ministry of Information/ Naypyitaw / December 09, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအသင်းအတွက် ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီးဘောလုံးအသင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi) ၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှား အမျိုးသမီးဘောလုံးအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပါအဝင် အားကစားဝါသနာရှင် ပရိသတ်အင်အား ၃၁၆၆ ဦးခန့် တစ်ခဲနက်ကြည့်ရှုအားပေးကြသည်။

ပွဲစဉ်ပထမပိုင်း ၄၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၆ မိနစ် ၃၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၈ စန်းသော် သော်က ဦးဆောင်ဂိုးအား သွင်းယူ ခဲ့ပြီး ၃၅ မိနစ် ၂၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၁၃ တိုက်စစ်မှူး မေထက်လူက ဒုတိယဂိုးအား ထပ်မံသွင်းယူခဲ့ရာ မလေးရှားအသင်းက ချေပဂိုးပြန်လည်ရရှိရေးနှင့် မြန်မာအသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစား၍ ပထမပိုင်း ၄၅ မိနစ်အပြီး အချိန်ပို ၅ မိနစ်အထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်း ၄၅ မိနစ်ကို ယှဉ်ပြိုင်ကစားကြရာ ၆၅ မိနစ် ၄ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၇ ဝင်းသိင်္ဂီထွန်းက မြန်မာအသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု (ခ) တွင် ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် အုပ်စုအတူကျရောက်ပြီး မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ (ယနေ့) ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမှုတွင် သုံးဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာအသင်း၏ တတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။