(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲများမှ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ စတင်ဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲများမှ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ စတင်ဆွတ်ခူးရရှိ


Ministry of Information/ Naypyitaw / December 11, 2025
image_latest


(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ နခွန်ပထုန်ပြည်နယ် နခွန်ပထုန်အားကစားစင်တာရှိ ပရိသတ် ၄၀၀၀ ဆံ့ အားကစားရုံ၌ ကျင်းပရာ မြန်မာခြင်းလုံး အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့က ရွှေတံဆိပ်ဆုများ စတင်ဆွတ်ခူးရယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို မြန်မာခြင်းလုံးအမျိုးသမီးအသင်းက ရယူပေးနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ထိုင်းအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ရမှတ် ၅၀၂ မှတ် - ၄၄၆ မှတ်ဖြင့် အပြတ်အသတ်အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရွှေတံဆိပ်ဆုသည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးဆုတံဆိပ်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း ပထမဆုံးဆုတံဆိပ်ဖြစ်ကြောင်း သိရသည်။ အဆိုပါခြင်းလုံးပြိုင်ပွဲတွင် လာအိုခြင်းလုံးအမျိုးသမီး အသင်းက ၃၁၅ မှတ်ဖြင့် တတိယရရှိခဲ့ပြီး မလေးရှားအသင်းက ၇၇ မှတ်ဖြင့် စတုတ္ထရရှိခဲ့သည်။

ထို့အပြင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲတွင် မြန်မာခြင်းလုံးအမျိုးသားအသင်းကလည်း မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။ အမျိုးသားခြင်းလုံးဗိုလ်လုပွဲတွင်လည်း မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ရမှတ် ၅၇၄ မှတ် - ၅၀၁ မှတ်ဖြင့် အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခြင်းလုံးပြိုင်ပွဲတွင် လာအိုအသင်းက ၃၇၅ မှတ်ဖြင့် တတိယရရှိခဲ့ပြီး မလေးရှားအသင်းက ရမှတ် ၁၆၀ ဖြင့် စတုတ္ထရရှိခဲ့သည်။

မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန်ဖြင့် ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူပေးခဲ့သည့် ခြင်းလုံးအမျိုးသမီးအသင်းနှင့် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည့် ခြင်းလုံးအမျိုးသားအသင်းတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက USD $ 600၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက ထိုင်းဘတ်ငွေခြောက်သိန်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်က ထိုင်းဘတ်ငွေငါးသောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦး‌ဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအား ကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုကော်မတီဝင်များက ထိုင်းဘတ်ငွေငါးသောင်းနှင့် USD $ 400၊ မြန်မာနိုင်ငံခြင်းလုံးနာယက ဦးစိုးတင့်က ထိုင်းဘတ်ငွေ သုံးသောင်း၊ မြန်မာနိုင်ငံခြင်းလုံး ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်က USD $ 3000 နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်မြတ်က USD $ 1000 ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးမွန်နှင့် အဖွဲ့က USD $ 600 နှင့် ထိုင်းဘတ်ငွေ တစ်သောင်းပေးအပ်ချီးမြှင့်ကြသည်။

ဇော်ဇော်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026
AnnouncementsExplore more >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Mar 3, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

Posted on Mar 2, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

HOT NEWS
January 4,