(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခုနှင့် အခြားအားကစားနည်းများမှ ကြေးတံဆိပ် ၁၆ ခု စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူး

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခုနှင့် အခြားအားကစားနည်းများမှ ကြေးတံဆိပ် ၁၆ ခု စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူး


Ministry of Information/ Naypyitaw / December 19, 2025
image_latest


ဘန်ကောက် ဒီဇင်ဘာ ၁၈

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ခရစ်ကတ်၊ ကဘာဒီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ နဂါးလှေ၊ နပန်း၊ ရွက်လှေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့တွင် မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု၊ မွေအားကစား နည်းမှ ကြေးတံဆိပ် ကိုးခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ်သုံးခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် တစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် မြန်မာအားကစားအသင်းမှ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် ရိုးရာလှေအားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀၊ Women Small Boad မီတာ ၂၀၀ နှင့် Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲများတွင် မြန်မာအသင်း မှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့အတူ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မင်းဦး၊ အောင်မျိုး ကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ရန်ပိုင်ဦးတို့အတွဲနှင့် လာအိုအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင် နေမှုကိုလည်းကောင်း၊ အမျိုးသမီးလေးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမား ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေ၊ ချယ်ရီလင်းသစ်တို့ အတွဲနှင့် ဗီယက်နမ်အသင်းမှ အားကစားသမားတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း၊ အမျိုး သားလေးယောက်တွဲ ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မင်း ဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ရန်ပိုင်ဦးတို့အတွဲနှင့် ဗီယက်နမ်အသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။

မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ခရစ်ကက်အားကစားနည်း အမျိုး သမီး T20i အကြိုဗိုလ်လုပွဲပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း အမျိုးသား Three Stars အုပ်စုပွဲစဉ်နှင့် ဗိုလ်လုပွဲပြိုင်ပွဲများ၊ ဘော်လီဘောအမျိုးသားပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား၊ အမျိုးသမီးလေးယောက်တွဲ အုပ်စုပွဲစဉ်နှင့် အကြိုဗိုလ်လုပွဲပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ် အမျိုးသားတစ်ဦးချင်း အုပ်စုပွဲစဉ်ပြိုင်ပွဲ၊ ရိုးရာလှေအားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀၊ Women Small Boad မီတာ ၂၀၀ နှင့် Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲများ၊ နပန်းအားကစားနည်း Women’s Freestyle - 50 Kg၊ - 53 Kg နှင့် - 57 Kg အုပ်စုပတ်လည်ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား + အမျိုးသမီး SSL47 နောက်ဆုံးအဆင့် အုပ်စုပွဲစဉ် ပြိုင်ပွဲများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရိုးရာလှေ အားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းမှ တင်ကိုကို၊ ပြည့်စုံ အောင်၊ ယုယမောင်၊ ထွန်းထွန်း လင်း၊ စောနိုင်လင်းကျော်၊ ဝေယံ ဦး၊ ကျော်စွာဝင်း၊ စောကောင်း ကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်နှင့် ထက်ဝေဖြိုးတို့အတွဲက ကြေးတံဆိပ်တစ်ခု၊ အမျိုးသား + အမျိုးသမီး Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းမှ တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်း လင်း၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော် ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်၊ ထက်ဝေဖြိုး၊ လှလှထွေး၊ ဝင်းဝင်းထွေး၊ စိုးစိုးကျော်၊ စန်းစန်းမိုး၊ သီတာဦး၊ မာန်ဟွဲ့ဖောင်၊ ဖြူဖြူအောင်၊ နော်ထဲဆိုဖော၊ အိအိချော၊ နွေးအိဖြူ၊ သဉ္ဇာမြင့်ဇွန်၊ လင်းလင်းကျော်နှင့် ချိုချိုလွင်တို့အတွဲက ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်နှစ်ခုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ရွက်လှေ အားကစားနည်း အမျိုးသား+အမျိုးသမီး SSL47 ပြိုင်ပွဲတွင် မြန်မာအသင်းမှ စည်သူမိုးမြင့်၊ စိုင်းပြည့်စုံဟိန်း၊ အောင်မြင်သူ၊ မင်းသော်ကောင်း၊ မင်းမင်း၊ ဇွဲသူရ၊ စောသောသီထူး၊ စည်သူဟိန်း၊ သန့်ဇော်ဦး၊ စုမြတ်စိုး၊ နန်းခမ်းဆေးနှင့် ခင်ညိုလင်းတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသမီးလေးယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမား ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေနှင့် ချယ်ရီလင်းသစ်တို့အတွဲက ကြေးတံဆိပ်ဆု တစ်ခု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မင်းဦး၊ အောင်မျိုး ကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ရန်ပိုင်ဦးတို့အတွဲ က ငွေတံဆိပ်ဆုတစ်ခု ထပ်မံ ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ထို့ပြင် နပန်းအားကစားနည်းမှ အမျိုးသမီး - ၅၀ ကီလိုတန်း ပြိုင်ပွဲတွင် ခိုင်စပါယ်က ကြေးတံ ဆိပ်ဆု၊ -၅၃ ကီလိုတန်းပြိုင်ပွဲတွင် ခင်ခင်စုက ကြေးတံဆိပ်ဆု၊ -၅၇ ကီလိုတန်းပြိုင်ပွဲတွင် သဲသိမ့်သိမ့် သူက ကြေးတံဆိပ်ဆု စုစုပေါင်း ကြေးတံဆိပ်ဆု သုံးခုကို အသီးသီး ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

ယမန်နေ့ ပြိုင်ပွဲပွဲစဉ်များ ဖြစ်သည့် မွေအားကစားနည်း ၅၄ ကီလိုတန်းပြိုင်ပွဲတွင် စောခိုင်ရဲလင်းနှင့် မာလာဝင်းတို့က ကြေးတံဆိပ်တစ်ခုစီ၊ ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ဥမ္မာစိုးနှင့် စောအတစ်တို့က ကြေးတံဆိပ်တစ်ခုစီ၊ ၅၁ ကီလိုတန်းပြိုင်ပွဲတွင် ထန်းခွီးရှိန်က ကြေးတံဆိပ် တစ်ခု၊ ၇၁ ကီလို တန်းပြိုင်ပွဲတွင် ထွန်းမင်းအောင်က ကြေးတံဆိပ်တစ်ခု၊ ၆၃ ကီလို တန်းပြိုင်ပွဲတွင် ရေချမ်းက ကြေး တံဆိပ်တစ်ခု၊ ၆၀ ကီလိုတန်းပြိုင်ပွဲတွင် အဲလိဇဘက်ကျိန် ဇဟွဲက ကြေးတံဆိပ်တစ်ခု၊ ၄၅ ကီလိုတန်းပြိုင်ပွဲတွင် စောမြတ်မိုးက ကြေးတံဆိပ်တစ်ခု စုစုပေါင်းကြေးတံဆိပ် ကိုးခုတို့ကို အသီးသီး ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၈ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ၂၀၊ ကြေးတံဆိပ် ၃၈ ခု စုစုပေါင်းဆုတံဆိပ် ၆၁ ခု တို့ဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။