(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်သုံးဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ရွက်လှေအားကစားအဖွဲ့နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့များ ပြန်လည်ရောက်ရှိ
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်သုံးဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ရွက်လှေအားကစားအဖွဲ့နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့များ ပြန်လည်ရောက်ရှိ
Ministry of Information/ Naypyitaw / December 20, 2025
ရန်ကုန် ဒီဇင်ဘာ ၁၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား(၄)ယောက်တွဲ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသော ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ ရန်ပိုင်ဦးတို့အတွဲ၊ အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေ၊ ချယ်ရီလင်းသစ်တို့ အတွဲ၊ အမျိုးသား၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ရှိန်းဝဏ္ဏဇော်၊ ဇင်မင်းဦး၊ ဇော်မင်းခန့်၊ ဖြူဖြူသန်း၊ ဖူးဖူး၊ နှင်းနှင်းဝေတို့အတွဲ၊ ရွက်လှေအားကစားနည်းမှ အမျိုးသားBoy's ILCA4 ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသော ခွန်ထွန်းဦးတို့နှင့်အတူ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အားကစားအဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI)ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုကြကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
