(၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ရှစ်ခု၊ ကြေးတံဆိပ် ၁၀ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် ပဉ္စမအဆင့်တွင် ရပ်တည်နိုင်ခဲ့
(၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ရှစ်ခု၊ ကြေးတံဆိပ် ၁၀ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် ပဉ္စမအဆင့်တွင် ရပ်တည်နိုင်ခဲ့
Ministry of Information/ Naypyitaw / November 29, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet – 33rd AARM)ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစား သမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ ကြပြီး ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတို အမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပွဲစဉ် (၁) အမှတ်ပေးပွဲစဉ် အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ငါးခု၊ ပွဲစဉ် (၂) အသင်းလိုက် ထိလဲပြားပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ် ငါးခုတို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၁၀ခု၊ ငွေတံဆိပ်ရှစ်ခု၊ ကြေးတံဆိပ် ၁၀ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် ပဉ္စမအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
