(၄၈)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲအောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း)တွင် တတိယနှစ်သင်တန်း တက်ရောက်ခွင့်ရရှိကြသည့် မောင်မယ်သစ်လွင်များ ကြိုဆို

(၄၈)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲအောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း)တွင် တတိယနှစ်သင်တန်း တက်ရောက်ခွင့်ရရှိကြသည့် မောင်မယ်သစ်လွင်များ ကြိုဆို


Ministry of Information/ Naypyitaw / December 20, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၉

(၄၈)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် တတိယနှစ်သင်တန်း တက်ရောက်ခွင့်ရရှိကြသည့် စိုက်ပျိုးရေးဒီပလိုမာ အောင်မြင်ပြီးသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သည် ခေတ်နှင့်လျော်ညီသော အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများ၊ ရာသီဥတုဒဏ်ခံနိုင်သည့် နည်းပညာများ၊ ဇီဝနည်းပညာများ၊ စက်မှုလယ်ယာအပါအဝင် (Smart Agriculture)နှင့် စျေးကွက်ဗဟုသုတများကို ပေါင်းစပ်သင်ကြားပေးရာ တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးရေးတက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရသူများအနေဖြင့် အနာဂတ်တွင် စိုက်ပျိုးရေးပညာရှင်၊ သုတေသီ၊ နည်းပညာဖြန့်ဝေသူနှင့် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် နိုင်ငံ၏ စားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအားထားရမည့် မျိုးဆက်သစ်များအဖြစ်၊ တိုင်းပြည်အတွက် အားထားရမည့်သူများအဖြစ် မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

၁၉၇၀ ဝန်းကျင်ခန့်က စတင်

ဤပေါင်းကူး အစီအစဉ်ကို ၁၉၇၀ ဝန်းကျင်ခန့်က စတင်ခဲ့ရာ ခေတ်အဆက်ဆက် တက်ရောက်ခဲ့သူများတွင် လုပ်ငန်းခွင်ထူးချွန်သူများစွာရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ လက်တွေ့ပိုင်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံများအား ကောင်းစွာသင်ယူလေ့ကျင့်ခဲ့ကြပြီးဖြစ်၍ တောင်သူများ၏ ပင်ပန်းဆင်ရဲသည့် ခံစားမှုများကို ကိုယ်ချင်းစာနားလည်နိုင်ကာ ပညာဆည်းပူးလေ့လာလို စိတ်၊ နည်းပညာလေ့လာလိုစိတ်တို့ ပူးပေါင်း၍ စေတနာ၊ ဝါသနာ၊ စိတ်ဓာတ်၊ စည်းကမ်းနှင့်ယှဉ်သော စိုက်ပျိုးရေးပညာရှင် များစွာပေါ်ပေါက်လာစေရေး ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆီ လှမ်းချီနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍများမှ စွမ်းဆောင်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)၏ တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို နှစ်စဉ် ကျင်းပပေးလျက်ရှိပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ ဌာနလုပ်ငန်းခွင်များတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ထူးချွန်ဝန်ထမ်းများကို အဆင့်မြင့် စိုက်ပျိုးရေးပညာရပ်များ ဆက်လက်လေ့လာ သင်ယူခွင့်ရရှိရေးအတွက် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တတိယနှစ်သင်တန်းတွင် တက်ရောက်ခွင့်ရရှိ သူ ၂၂၆ ဦး ရှိသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် သီးနှံမျိုး မွေးမြူသူပညာရှင်များနှင့်တွေ့ဆုံ ၍ သီးနှံမျိုးကွဲအသစ်များ မျိုးမွေးမြူရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာသင့်သည်များ၊ ပြောင်းသီးနှံ၊ နေကြာသီးနှံကဲ့သို့ မျိုးလိုင်းများ ရွေးချယ်ရာတွင် အသုံးပြုသင့်သော မျိုးလိုင်းရွေးချယ်ခြင်း နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်မှ အပင်များ၊ တိရစ္ဆာန်များ၊ မိုင်ခရိုအော့ဂ်င်နစ်ဇမ်များ၊ မှိုများ စသည့် ဇီဝဗေဒဆိုင်ရာပစ္စည်းများကို စီးပွားဖြစ် အသုံးချနိုင်ရေး နည်းလမ်းများသာမက ဆေးဝါးများ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူ ပြုသီးနှံများ စသည့် သဘာဝအရင်းအမြစ်မှ စီးပွားရေးအမည် သစ်သီးနှံများအပြင် လူစာ၊ တိရစ္ဆာန်စာ၊ မြေစာများကို သုတေသနပြု၍ တီထွင်ကြံဆဖော်ထုတ်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။