(၅၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲတွင် “အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ရရှိနိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အရေးပါမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေး

(၅၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲတွင် “အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ရရှိနိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အရေးပါမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / February 05, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၅၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို “အရည်အသွေးကောင်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ရရှိနိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အရေးပါမှု” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံကို ရာသီမပြတ်စိုက်ပျိုးထုတ်လုပ်နိုင်သော အခြေခံကောင်းများရှိကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ အရည်အသွေးကောင်းမွန်စေရေးအတွက် စိုက်ခင်းများထဲတွင် စနစ်တကျစီမံဆောင်ရွက်ရန်နှင့် ရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းများတွင်လည်း ဂရုတစိုက်ဆောင်ရွက်နိုင်ကြရန် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်၍ ပညာရှင်များအနေဖြင့် ဌာနတစ်ခုစီ သီးခြားရိတ်ချိန်လွန် နည်းပညာရပ်အား သုတေသနပြု ဖော်ထုတ်နေကြမည့်အစား တက္ကသိုလ်သုတေသနဌာန-နည်းပညာ ပြန့်ပွားရေးဌာနတို့ ပူးပေါင်း၍ ကွန်ဆော်တီယမ် (Consortium) အနေဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများပါဝင်သော သုတေသနများလုပ်ရန်လိုကြောင်း၊ သုတေသနရလဒ်များကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးတွင် အကျိုးရှိရှိအသုံးချသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် (၅၂) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များက ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ လေလွင့်ဆုံးရှုံးမှုများကို လျှော့ချရန်ပြုလုပ်ခဲ့သည့် သုတေသနများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် သုတေသနများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ လက်ရှိထုတ်လုပ်မှုနှင့် အရည်အသွေးကောင်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများရရှိနိုင်ရန် ရိတ်သိမ်းချိန်လွန်နည်းပညာများ၏ အရေးပါမှုနှင့် အရည်အသွေးကောင်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများရရှိနိုင်ရန် ဆောင်ရွက်နေသည့် ရိတ်သိမ်းချိန် လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ရိတ်သိမ်းပြီးနောက်ပိုင်း စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၌ ညစ်ညမ်းစေနိုင်သည့် အကြောင်းရင်းများနှင့် GAP နှင့် အော်ဂဲနစ်စနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်ရာ၌ ရိတ်သိမ်းချိန်လွန်နည်းပညာများကို မှန်ကန်စွာအသုံးပြုရမည့် နည်းလမ်းများ၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်ရိုးရှင်းသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဆိုင်ရာ ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့် သီးနှံထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် တောင်သူများ၏ဝင်ငွေကို တိုးစေခြင်းအကြောင်းအရာများကို တင်ပြဆွေးနွေးကြရာ အခမ်းအနားတက်ရောက်လာကြသည့် ဦးစီးဌာနများမှ ဝန်ထမ်းများ၊ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြသည့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် အကြံပြုသုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း