(၆၀) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

(၆၀) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ


Ministry of Transport and Communications/ Naypyitaw / November 18, 2025
image_latest


၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ - ၁၇

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ ပြုလုပ်သည့် (၆၀) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ Jasmine Nay Pyi Taw Hotel ၌ Hybrid Mode ဖြင့် စတင်ကျင်းပသည်။

          အဆိုပါ (၆၀) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစည်းအဝေးသို့ တက်ရောက်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ အရာရှိကြီးများ အားလုံးကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခုကဲ့သို့အရေးပါသည့် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူမိကြောင်း၊ ယခုအစည်းအဝေးများတွင် အာဆီယံအသိုက် အဝန်း ၂၀၄၅ နှင့် အာဆီယံပေါင်းစည်းဆက်သွယ်မှု၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစီမံကိန်း (၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုပါကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံ့သော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊ စွမ်းဆောင် ရည်မြှင့်တင်ရေးအတွက် ဆွေးနွေးဖက်နိုင်ငံများ၏ စဉ်ဆက်မပြတ်ပံ့ပိုးမှုသည် များစွာထိရောက်မှုရှိပါ ကြောင်း၊  အာဆီယံမိသားစုများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးရုံး၏ စဉ်ဆက် မပြတ်ပူးပေါင်းဆောင်ရွက်မှုနှင့်ခိုင်မာသောကတိကဝတ်များကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

          ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အစည်းအဝေးအစီအစဉ်များ စတင်ဆောင်ရွက် လျက်ရှိသည်။မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေး များ ကို ၂၀၀၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ၂ ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သဖြင့် ယခုတတိယအကြိမ် မြောက် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်သည်။ ယခုကျင်းပသည့် အစည်းအဝေးများသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တရုတ်၊ဂျပန်၊ကိုရီးယား နှင့် အီးယူစသော ဆွေးနွေးဖက်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိကြ ကြောင်းနှင့် အစည်းအဝေးများကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။