(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်လှစ်

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်လှစ်


Ministry of Information/ Naypyitaw / March 03, 2026
image_latest


နေပြည်တော် မတ် ၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်တက္ကသိုလ်များ နယ်မြေ (ရေဆင်း)၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပါမောက္ခချုပ်များက တက္ကသိုလ်များနယ်မြေ (ရေဆင်း) ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အအုံကမ္ပည်းကြေးပြားကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့သည် မိမိတို့မြန်မာနိုင်ငံအတွက် အရေးပါသောနေ့တစ်နေ့ဖြစ်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်၏စားရေရိက္ခာဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသော တက္ကသိုလ်များတည်ရှိရာ တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center) ကို ဖွင့်လှစ်နိုင် ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အဓိကကျသည့် ပညာရှင်လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနေသော ပညာ့ဗိမာန်ကြီးများတွင် ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာနှင့် အာဟာရဖူလုံရေး၊ ရေရှည်တည်တံ့ပြီး အရည်အသွေးပြည့်ဝသော သဘာဝပတ်ဝန်းကျင်ဖြစ်ပေါ်ရေးအတွက် အရေးပါသည့် အဖိုးတန်လူ့စွမ်းအားအရင်း အမြစ်များဖြစ်ကြသည်နှင့်အညီ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဉာဏနှင့် ကာယ စသော ဗလ ငါးတန် အမှန်တကယ် ဖွံ့ဖြိုးကြရမည့်သူများလည်းဖြစ်ပါကြောင်း။

ပညာသင်ယူစဉ်ကာလတွင်ရရှိခဲ့သည့် တက္ကသိုလ်များအချင်းချင်း ရင်းနှီးကျွမ်းဝင်မှု၊ နားလည်မှုများသည် လုပ်ငန်းခွင်အသီးသီး၌ တာဝန်ထမ်းဆောင်ကြချိန်တွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအကျိုးကျေးဇူးများကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သော ကျောင်းသား ကျောင်းသူများ အပန်းဖြေဌာန (Recreation Center)သည် တက္ကသိုလ်များ၏ ရင်းနှီးပေါင်းဖက်မှုကိုဖြစ်ပေါ်စေရန်၊ ကျောင်းသား ကျောင်းသူများ၏ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ပြီး ကိုယ်စိတ်အပန်းဖြေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ကြစေရန် ရည်ရွယ်တည်ဆောက်ပေးခြင်းဖြစ်၍ ထိရောက်အကျိုးရှိစွာ အသုံးပြုသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ရေဆင်းတက္ကသိုလ်များ ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

တက္ကသိုလ်များနယ်မြေ (ရေဆင်း)ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများအသုံးပြုနိုင်ရန် ယနေ့ဖွင့်လှစ်လိုက်သည့် အပန်းဖြေဌာန (Recreation Center) ကို နိုင်ငံတကာအဆင့်မီ တည်ဆောက်ပေးထားပြီး ဖွဲ့စည်းထားပုံအရ ဘတ်စကက်ဘောနှင့် ဘော်လီဘောပြိုင်ပွဲများအပါအဝင် ခန်းမအတွင်း အားကစားပြိုင်ပွဲများကျင်းပနိုင်ကာ ပွဲကြည့်စင်တွင် စုစုပေါင်းဧည့်ပရိသတ် ၄၃၈ ဦး ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း