(၇၅) နှစ်ပြည့် ဆက်ဆံရေးနှင့် သမိုင်းမှတ်တိုင်

(၇၅) နှစ်ပြည့် ဆက်ဆံရေးနှင့် သမိုင်းမှတ်တိုင်


Ministry of Information/ Naypyitaw / June 05, 2025
image_latest


၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးမှာ နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း ဒုတိယအပြင်းထန်ဆုံးဖြစ်ပြီး လက်ရှိမျိုးဆက်တို့အဖို့ မကြုံစဖူး ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ ငလျင်လှုပ်ခတ်အပြီးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်သည် ပထမဆုံး ၇၂ နာရီ (Golden Hour) ဖြစ်သည်။ အပြိုအပျက်များအကြား ပိမိ၊ ပိတ်မိနေသူများကို စောစောကယ်ဆယ်နိုင်လေ ရှင်သန်ရန်အခွင့်အလမ်းများလေဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် ငလျင်သတင်းကို သိလျှင် သိချင်း လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ပြီး နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် မြန်မာ့မြေပေါ်သို့ အစောဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့မှာ ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဟုဆိုရာတွင် မြန်မာနိုင်ငံနှင့် ရေမြေတစ်ကြောတည်း ဆက်စပ်နေသည်မှာ ယူနန်ပြည်နယ်ဖြစ်သည်။ ကယ်ဆယ်ရေးအထောက်အကူပြု ခေတ်မီကိရိယာများပါ ယူဆောင်လာခဲ့သည့် ယူနန်ကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော်တွင် ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည့် ဥတ္တရသီရိဆေးရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ခဲ့ရပြီး အသက်ရှင်ကျန်နေသူနှစ်ဦးကို ကြိုးပမ်းကယ်ဆယ်နိုင်ခဲ့သည်။ ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့သည်ငလျင်လှုပ်ပြီး ၁၈နာရီအကြာတွင် ပထမဆုံးရောက်ရှိလာခဲ့သည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မန္တလေးမြေငလျင်ဒဏ်သင့်ရာဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိလာသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့က စေလွှတ်သည့် ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့သုံးဖွဲ့နှင့် တရုတ်အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ ၁၅ ဖွဲ့တို့မှ အဖွဲ့ဝင် ၅၀၀ ခန့် လာရောက်ကူညီကယ်ဆယ်မှု ပြုခဲ့ကြခြင်းဖြစ်သည်။ ကူညီကယ်ဆယ်ရေးကာလအတွင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့များ အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်နေသည့် ပုံရိပ်များ၊ စိတ်ထိခိုက်ဝမ်းနည်းငိုကြွေးနေသည့် တရုတ်ကယ်ဆယ်ရေးသမား၏ ပုံရိပ်များ၊ ဧရာမအပျက်အစီးပုံကြီးကြားမှ အသက်ရှင်ကျန်သူကို အောင်မြင်စွာကယ်ထုတ်လာသည့်ပုံရိပ်များ၊ တရုတ်ကယ်ဆယ်ရေး အဖွဲ့ဝင်များကို ဒေသခံမြန်မာပြည်သူများက သောက်ရေသန့်၊ အအေးတို့ တိုက်ကျွေးနေကြသည့် ပုံရိပ်များမှာ လူမှုကွန်ရက်စာမျက်နှာများထက်တွင် ဝေဝေဆာဆာပေါ်ထွက်လာခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင်ရော မြန်မာပြည်သူတို့၏ စိတ်နှလုံးတွင်ပါ ထာဝရစွဲထင်နေမည့် ပုံရိပ်များဖြစ်သည်။

ပြီးခဲ့သည့် မေလ ၉ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ဝမ်းနည်းကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့မှုနှင့် မြန်မာနိုင်ငံသို့ အစောဆုံး လာရောက်ကူညီကယ်ဆယ်ပေးမှုတို့အပေါ်အစဉ်အမြဲ ကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ်ဇွန်လ ၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ် ဇွန်လ ၈ ရက်တွင်နှစ်ပေါင်း ၇၅ နှစ်တင်းတင်း ပြည့်ပြီဖြစ်သည်။ နှစ်နိုင်ငံအကြား တောတောင်ရေမြေချင်းထိစပ်နေသကဲ့သို့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကိုလည်း နက်ရှိုင်းခိုင်မြဲစွာထူထောင်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကယ်ဆယ်ကူညီထောက်ပံ့မှုများ၊ မျှဝေခံစားအားပေးမှုများက မိမိတို့နိုင်ငံအတွက် ခွန်အားဖြစ်စေခဲ့သလို အနာဂတ်ကာလတစ်လျှောက် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်တည်ရှိနေမည်ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

HOT NEWS
January 4,