(၇၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ၌ မျိုးစေ့ဥပဒေဆိုင်ရာသိကောင်းစရာများခေါင်းစဉ်ဖြင့် ဆွေးနွေး

(၇၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ၌ မျိုးစေ့ဥပဒေဆိုင်ရာသိကောင်းစရာများခေါင်းစဉ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / August 03, 2025
image_latest


နေပြည်တော် ဩဂုတ် ၂

လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးလုပ်ကိုင်သူများအားလုံး ထဲထဲဝင်ဝင်သိရှိလိုက်နာရေးနှင့် ဥပဒေ၏ အကာအကွယ်ကို ခံယူနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးတွင် တောင်သူများသုံးစွဲသည့်မျိုးကို ကိုယ်တိုင်မျိုး စေ့ထုတ်နိုင်ရေးသည် အထူးအရေးကြီးပါကြောင်း၊ ပညာရှင်များအနေဖြင့် သီအိုရီကိုအခြေခံသည့် မျိုးစေ့ထုတ်နည်းစနစ်များကို လက်တွေ့အသုံးချမှုနယ်ပယ်နှင့်ကိုက်ညီသည့် ပုံစံဖြစ်အောင် ဆန်းသစ်တီထွင်၍ တောင်သူများ၏ အကျိုးစီးပွားအလို့ငှာ တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေး ကူညီပေးစေလိုပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ရာတွင်လည်း သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ အထူးအလေးထားဆောင်ရွက်ရန် မှာကြားလိုသည်မှာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သီးနှံမျိုးသစ်တစ်မျိုးကို မျိုးစေ့ကော်မတီမှ အတည်ပြုပြီး စတင်ဖြန့်ဝေခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်သည့်အချိန်မှစ၍ အဆိုပါမျိုးနှင့်ပတ်သက်သည့် အရည်အချင်းလက္ခဏာများ၊ ထူးခြားချက်များကို စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများအား ဆရာဖြစ်သင်တန်း (TOT) သင်တန်းပေးရမည်ဖြစ်ကာ ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်မှစ၍ မျိုးစေ့ခြံတိုင်းမှထုတ်သည့် မျိုးတိုင်းသည် မျိုးစေ့ဖြစ်အောင် ဆောင်ရွက်ရန် လို‌အပ်ပါကြောင်း အွန်လိုင်းမှ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲမှ ပညာရှင်တစ်ဦးက မျိုးစေ့ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ်ဖြေကြားဆွေးနွေး သည်။

(၇၇) ကြိမ်မြောက်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်နှင့် သုတေသီများ၊ နေပြည်တော် ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိမြို့နယ်တို့မှ တောင်သူ ၂၆ ဦး၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၅၁ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၅၆ ဦးတို့က zoon point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025
AnnouncementsExplore more >

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Posted on Aug 4, 2025

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Posted on Aug 4, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ

Posted on Aug 4, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။