(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေး (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာသစ်အားဖွင့်လှစ်
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရေး (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာသစ်အားဖွင့်လှစ်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / January 02, 2025
ဘားအံ ဇန်နဝါရီ ၂
ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အရေးကြီး သည့် အခန်းကဏ္ဍတွင်ပါဝင်နေသော ဝန်ထမ်းများ၏နေထိုင်မှုဘဝအဆင်ပြေစေရန် (၇၇)နှစ်မြောက်လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာတစ်လုံးဖွင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အမှတ်(၂)လှာကမြင်ဝန်ထမ်းအိမ်ရာစခန်း၌ ကျင်းပသည်။
အဆိုပါဝန်ထမ်းအိမ်ရာကို ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၅၂ ဒဿမ ၈ သန်းကျော်ဖြင့် မော်ဖမော်ကွန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြမည့်ဝန်ထမ်းများသည် မိမိတို့ နေထိုင်သည့်အိမ်ရာအား မိမိတို့၏ကိုယ်ပိုင်အိမ်များကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်၍ အိမ်ငှားစည်းကမ်းချက် များနှင့်အညီ အိမ်ရာသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် လုံခြုံရေးအတွက်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်လည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိမ်ရာများကို ထိန်းသိမ်းစောင့်ရှောက်ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အဆိုပါဝန်ထမ်းအိမ် ရာအဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းက ကျင်းပပြုလုပ်သည့် ဖိတ်ခေါ်စာပေဟောပြောပွဲကို နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်မောင်မယ်များအနေဖြင့် စာကောင်း စာမွန်များဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားသိမြင်သည့် ပညာ၊ ကိုယ့်ပတ်ဝန်းကျင်ဒေသ၏အခြေအနေမှန်ကို မှန်မှန်ကန်ကန်တွေးခေါ်မြော်မြင်နိုင်သည့် စွမ်းရည်များရရှိအောင် ကြိုးပမ်းကြစေလိုကြောင်း၊ စာပေအနုပညာစွမ်း အားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ် ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာပေဟောပြောပွဲအတွက် ငွေကျပ် ၄၅ သိန်းကို ဗမာစာပေနှင့်ယဉ်ကျေးမှု အသင်းထံ ချီးမြှင့်ပေးအပ်ပြီး ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရတနာပုံသီချင်းအား စောင်းဖြင့် တီးခတ်ဖျော်ဖြေ ကာ အပေါင်းလက္ခဏာရဲ့အလှပန်းချီ တေးသရုပ်ဖော်ဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် အမျိုးသားစာပေဆုရှင်မင်းလပြည့်(ဟားခါး)က ဘဝကိုဘယ်လိုမောင်းနှင်မလဲ ခေါင်းစဉ်ဖြင့် စာပေဟောပြောရာ ပြည်နယ်ဥပဒေချုပ်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ယဉ်ကျေးမှုအဖွဲ့များမှ စလေပုည၏ ရေသည်ပြဇာတ်ဖြင့် တင်ဆက်ကပြခဲ့ကြောင်း သတင်းရရှိသည်။
အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄) စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍...
Posted on Dec 27, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)
Posted on Dec 28, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)