(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်
Ministry of Information/ Naypyitaw / January 03, 2025
နေပြည်တော် ဇန်နဝါရီ ၂
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ နံနက် ၆ နာရီခွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV– HD Channel၊ MRTV-News Channel၊ MRTV-NRC၊ MRTV Farmers’၊ MRTV Sports နှင့် MRTV Parliament Channel၊ MITV Channel၊ MWD HD Channel၊ MWD Variety HD Channel၊ Channel 7၊ 5 plus Channel၊ Sky Net Up to Date၊ MNTV၊ Channel 9၊ M Channel နှင့် မဟာရုပ်သံလိုင်းတို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များဖြစ်ကြသော Star၊ သဇင်တို့မှ လည်းကောင်း၊ MOI Website၊ MOI Youtube MRTV Website၊ MRTV App အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မိဘ ပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။
သတင်းစဉ်
Myanmar National Human Rights Commission Statement No. (1/2025)
Posted on Jan 5, 2025မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၅)
Posted on Jan 5, 2025