(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယားဖေးအခြေခံပညာမူလတန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယားဖေးအခြေခံပညာမူလတန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 29, 2025
ဘားအံ ဒီဇင်ဘာ ၂၉
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့နယ်၊ နောင်ယားဖေး အခြေခံပညာ မူလတန်းကျောင်း(ခွဲ)၏ (၆၀ x ၃၀)ပေ Rcc တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီက နောင်ယားဖေးကျေးရွာရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
နောင်ယားဖေးအခြေခံပညာမူလတန်းကျောင်း(ခွဲ)သည်မူလကိုယ်ထူကိုယ်ထကျောင်းမှ ၂၀၂၂ ခုနှစ်တွင် မူလတန်း ကျောင်း(ခွဲ)အဖြစ်စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီ မူလကျောင်းဆောင်(၂၀ x ၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းစာသင်ဆောင် အားဖျက်သိမ်း၍ (၆၀ x ၃၀)ပေ Rcc တစ်ထပ်ကျောင်းဆောင်သစ်ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၅၂ ဒဿမ ၆၄၈) သန်းဖြင့် ဓနတိုးပွား ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားတရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များနှင့်ယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းကြေးပြားအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပညာရေးဌာနမှ ဖြည့်ဆည်းပေးထားသော စာရေးခုံ၊ ပရိဘောဂများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အတွင်း ကျောင်းဆောင်တည်ဆောက်ရေး လုပ်ငန်းပေါင်း(၄၄)ခုကို ခွင့်ပြုတည်ဆောက်ပေးလျက်ရှိပြီး မိမိတို့၏သားသမီးများ အေးချမ်းစွာဖြင့်လုံခြုံသောအဆောက် အဦတွင် အဆင်ပြေစွာဖြင့်ပညာသင်ကြားနိုင်ပြီဖြစ်ကာ ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်၍ လိုအပ်ချက်များအတွက် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများကလည်း ဝိုင်းဝန်း ဖြည့်ဆည်းကူညီပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ယူတည်ဆောက်သည့် ဓနတိုးပွား ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင် သစ်လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
