(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲကျင်းပ
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / January 02, 2026
နေပြည်တော် ဇန်နဝါရီ ၁
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းရှေ့ ရင်ပြင်ကျယ်၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန် ထက်မြက်လာစေပြီး လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန်၊ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားမြှင့်တင်ရေးကို အထောက်အကူပြုစေရန်၊ ကျန်းမာကြံ့ခိုင်သော ရုံးဝန်ထမ်းများဖြစ်စေရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်စေသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အားကစားစိတ်ဓာတ်များ ရှင်သန်နိုးကြားစေရန်ရည်ရွယ်၍ ယခုအားကစားပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများမှ အားကစားနည်းအလိုက် သတ်မှတ် စည်းမျဉ်း၊ စည်းကမ်းများအတိုင်းလိုက်နာ၍ စနစ်တကျ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြရန် လိုအပ်ပါကြောင်း၊ အနိုင်အရှုံးသည် အဓိကမကျဘဲနိုင်သူလည်းပြုံး၊ ရှုံးသူလည်းပျော်နှင့် ချစ်ကြည်ရင်းနှီးမှုပိုစေခြင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ပေါ့ပါး၍ ပျော်ရွှင်စေခြင်းများရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
အားကစားပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ၊ ကြက်ဥဇွန်းကိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ ဆန်ကောရွက် ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ မီတာ ၂၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲစသည့် အားကစားနည်းစုံလင်စွာဖြင့် ပွဲစဉ်အလိုက်ကျင်းပ ကာ ပြိုင်ပွဲဝင်များက အနိုင်မခံအရှုံးမပေးသည့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဇွဲမလျှော့တမ်းအားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများက သောင်းသောင်းဖြဖြ အားပေးကြသည်။
ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အားကစား ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြပြီးပြိုင်ပွဲဝင်များအားလုံးကို နှစ်သိမ့်ဆုများ ချီးမြှင့်ပေးအပ်သည်။
အဆိုပါအားကစားပြိုင်ပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်အတူ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာတက်ရောက်ပါဝင်ဆင်နွှဲကြသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
