(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 22, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၁

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးတို့ကို ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဆပ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်၊၊

အစည်းအဝေးတွင် မိမိတို့ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များအား လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများပြပွဲကိုလည်း နေပြည်တော်၌ ခင်းကျင်းပြသသွားမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဦးစီးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးစိစစ်အကဲဖြတ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒါရိုက်တာဦးဇော်မြင့်ဦးနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆုရွေးချယ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်တို့က အွန်လိုင်းမှ တက်ရောက်ကြသည်။

ညှိနှိုင်းဆွေးနွေး

ယခုနှစ် မြန်မာ့ရုပ်ရုင်ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်၌ ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဖိတ်ကြားထားသောအနုပညာရှင်များ သွားလာနေထိုင်ရေး၊ စိစစ်အကဲဖြတ်မှုလုပ်ငန်းများ အချိန်မီစနစ်တကျ ပြီးပြတ်စေရေး၊ ကြိုဆိုနေရာချထားရေး၊ ဖျော်ဖြေရေးနှင့် ရိုက်ကူးထုတ်လွှင့်ပြသရေးတို့အပါအဝင် ဆပ်ကော်မတီအလိုက် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။