(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သာခေါင်ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သာခေါင်ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 04, 2026
ဘားအံ ဖေဖော်ဝါရီ ၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့စိန်ဘန်(အောက်)ကျေးရွာအုပ်စု၊ ကော့သာခေါင်ကျေးရွာ ကုန်ထုတ်လမ်းသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက စိုက်ဧကပေါင်း ၂၈၀ ကျော်ကိုအကျိုးပြုနိုင်မည့် Box Culvert (၂)စင်းပါဝင်သော ၁၂ ပေအကျယ် ကုန်ထုတ်လမ်းသစ် ၁ မိုင် ၄ ဖာလုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေး ကြသောယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အဆိုပါလမ်း အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ့်အား ကိုယ်ကိုးစိတ်ဓါတ် မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန်၊ အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း သက်ဆိုင်ရာဌာနအသီးသီးနှင့်ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင်ပူးပေါင်းဆောင် ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကုန်ထုတ်လမ်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများသည် ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များမေးမြန်းဆွေးနွေး၍ အားပေးစကားများပြောကြားခဲ့သည်။
ကော့သာခေါင်ကျေးရွာစိုက်ဧကများသည် မိုးရာသီတွင်ရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များအလွယ်တကူသယ်ပို့ နိုင်မှုမရှိခြင်းကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကုန်ထုတ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးခဲ့သည့်အတွက် ကော့သာခေါင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများအနေဖြင့် ထုတ်ကုန် များသယ်ယူရာတွင် လျင်မြန်ချောမွေ့စွာသယ်ယူပို့ဆောင်နိုင်သည့်အပြင် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
