(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်


Ministry of Information/ Naypyitaw / January 31, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃၀

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာန ပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ် ပြခန်းများအပါအဝင် ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲလာပြည်သူများအတွက် ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက်အထိ နိုင်ငံကျော်အဆိုတော်များ၊ တိုင်းရင်းသား ရိုးရာအကများ၏ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သည့်အပြင် ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ယခုအခါ ကျင်းပရေးဗဟိုကော်မတီက ဦးဆောင်ပြီး လုပ်ငန်းကော်မတီ ၁၁ ခုတို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များ စနစ်တကျအချိန်မီပြီးစီးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ် 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Posted on Jan 31, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Posted on Jan 30, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 29, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 28, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 27, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026
AnnouncementsExplore more >

Notification 26/2026

Posted on Jan 31, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲအပိုင်း (၃) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁)...

Posted on Jan 31, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲအပိုင်း (၃) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Posted on Jan 31, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ