(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်သို့ ဆက်လက်ရောက်ရှိ
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်သို့ ဆက်လက်ရောက်ရှိ
Ministry of Information/ Naypyitaw / February 04, 2026
နေပြည်တော် ဖေဖော်ဝါရီ ၃
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ ဆက်လက်ရောက်ရှိလာရာ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး၊ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယနေ့တွင် ရှမ်းပြည်နယ်ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၀၊ မွန်ပြည်နယ်ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ငါးဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၃၇ ဦး၊ ကရင်ပြည်နယ် ကိုယ်စားပြု ရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၂၂ ဦး၊ အမျိုး သမီး ၁၇ ဦး စုစုပေါင်း ၄၀၊ ကယားပြည်နယ်ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူတစ်ဦး၊ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၅ ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကအိုးစည်၊ ဒိုးပတ်များဖြင့် ကြိုဆိုနှုတ်ဆက်ကြပြီး တည်းခိုနေထိုင်မည့် အိပ်ဆောင်များတွင် စနစ်တကျ နေရာချထားပေးကာ အဖွဲ့လိုက် နံနက်စာ၊ နေ့လယ်စာနှင့် ညစာကျွေးမွေးမှုများတွင် လစ်ဟင်းမှုများမရှိစေရေးနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
